Breaking News >> News >> Democratic Voice of Burma


ပစိဖိတ်မဟာမိတ်အဖွဲ့နှင့် စင်ကာပူ လွတ်လပ်သည့်ကုန်သွယ်ရေး သဘောတူလက်မှတ်ထိုး


Link [2022-01-28 10:35:18]



စင်ကာပူနိုင်ငံဟာ ကိုလံဘီယာ၊ မက္ကဆီကို၊ ပီရူး၊ ချီလီတို့ပါဝင်တဲ့ ပစိဖိတ်မဟာမိတ်အဖွဲ့နဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေကို ဇန်နဝါရီ ၂၆ ရက်က လက်မှတ်ရေးထိုးခဲ့ပါတယ်။    ကိုလံဘီယာ အပန်းဖြေကမ်းခြေ ဘာဟီယာ မာလဂါမှာ နိုင်ငံ့ခေါင်းဆောင်တွေ ထိပ်သီးစည်းဝေးပြီး စွမ်းအင်၊ အခြေခံအဆောက်အဦ၊ စားသောက်ကုန်စက်ရုံ၊ ဒစ်ဂျစ်တယ်နည်းပညာ၊ ဆိပ်ကမ်း logistics နဲ့ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းတွေမှာ စင်ကာပူက အဓိကကူညီပံ့ပိုးရမယ့် အချက်တွေ ပါဝင်ပါတယ်။  ကိုလံဘီယာသမ္မတ အိုင်ဗန်ဒူကီက “စင်ကာပူဟာ တီထွင်ဆန်းသစ်မှု၊ သိပ္ပံနဲ့ နည်းပညာတို့မှာ ကမ္ဘာ့ ဗဟိုချက်တခုဖြစ်ပြီး သူ့ရဲ့အတွေ့အကြုံတွေကိုကျနော်တို့ဆီ သယ်လာပေးတာပါ။ ရင်းနှီးမြှုပ်နှံမှုနဲ့အတူ နိုင်ငံခြားကုန်သွယ်မှုအတွက် လိုအပ်နေတဲ့ ဆိပ်ကမ်း logistics တွေကိုလည်း ဒီနိုင်ငံတွေမှာ မျှဝေမှာပါ” လို့ ပြောပါတယ်။  စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက “စင်ကာပူဟာ ပစိဖိတ်မဟာမိတ်အဖွဲ့နဲ့ […]

Most Read

2024-09-23 04:29:19