Breaking News >> News >> Democratic Voice of Burma


လှိုင်သာယာတွင် လောင်းကစားလုပ်ကိုင်နေသည့် ကုမ္ပဏီပိုင်ရှင်အပါအဝင် လူ ၁၆၀ ဖမ်းဆီးခံရ


Link [2022-01-28 10:35:18]



ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မှာ လောင်းကစားဖွင့်လှစ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီပိုင်ရှင် ၂ ယောက်၊ ဝန်ထမ်း ၉၆ ယောက်နဲ့ လောင်းကစားပြုလုပ်နေသူ ၆၂ ယောက် စုစုပေါင်း အယောက် ၁၆၀ တို့ကို လောင်းကြေးငွေ ကျပ် ၂၄၉၀ သိန်း၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။ ဇန်နဝါရီ ၂၅ ရက် ည ၉ နာရီက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ညောင်ကျေးရွာ၊ ပန်းလှိုင်ဂေါက်ကွင်းလမ်း၊အမှတ်(၁၅၄)ရှိ မြန်မာတော်ဝင်ကျောက်စိမ်းစင်တာကုမ္ပဏီမှာ လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့တာ လို့ဆိုပါတယ်။ ဖမ်းဆီးမိတဲ့ မြန်မာတော်ဝင်” ကျောက်စိမ်းစင်တာကုမ္ပဏီပိုင်ရှိင်တွေဟာ  လားရှိုးမြို့မှာနေထိုင်တဲ့ သိန်းအောင်(၄၂)နှစ်နဲ့  အောင်နိုင်ဝင်း (၄၃)နှစ်တို့ နှစ်ဦးဖြစ်တယ်လို့ သိရပါတယ်။  ဝန်ထမ်းတွေနဲ့ လောင်းကစားပြုလုပ်နေသူအယောက် ၁၆၀ ကို ကာစီနိုစားပွဲဝိုင်း  ၁၅ လုံး၊ ဖင်ထိုင်ခုံ […]

Most Read

2024-09-23 06:25:36