Breaking News >> News >> Democratic Voice of Burma


လစာတိုးမြှင့်ရေး ပြင်သစ်နိုင်ငံတွင် ဝန်ထမ်းသောင်းချီ ဆန္ဒပြ


Link [2022-01-28 10:35:18]



ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကျောင်းဆရာတွေ၊ ကျန်းမာရေးဝန်ထမ်း၊ အရပ်ဘက်ဝန်ထမ်း၊ အနုပညာရှင်တွေ ပါဝင်တဲ့ အလုပ်သမားသမဂ္ဂတွေ ထောင်သောင်းချီပြီး လုပ်ခလစာ တိုးမြင့်ရေးအတွက် ဇန်နဝါရီ ၂၈ ရက်က  ချီတက် ဆန္ဒပြခဲ့ပါတယ်။  ပြင်သစ်အလုပ်သမားသမဂ္ဂ ခေါင်းဆောင် Benoit Teste က “ပြည်သူ့ဝန်ထမ်းအလုပ်တွေမှာ လူငယ်တွေကို စုဆောင်းခေါ်ယူလို့မရဘူး  ဖြစ်နေတယ်။ အဓိကက လစာပြဿနာပါ၊ လစာ အရမ်းနည်းတော့ ကျောင်းဆရာတွေ၊ ကျန်းမာရေးလုပ်သားတွေ မဖြစ်ချင်ကြတော့ဘူး” လို့ ပြောပါတယ်။    ပြင်သစ်မှာ အစားအသောက်နဲ့ လောင်စာဆီ ကုန်ဈေးနှုန်းတွေ မြင့်တက်နေပြီး၊ အစိုးရရဲ့ ကိုဗစ်-၁၉ ရောဂါ ကိုင်တွယ်မှုတွေကိုလည်း မကျေမနပ် ဖြစ်နေကြတာပါ။ တခြားမြို့ကြီး ၁၆၉ မြို့မှာလည်း အလားတူ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

Most Read

2024-09-23 06:29:50