Breaking News >> News >> Democratic Voice of Burma


လွိုင်ကော်တွင် သေနတ်ဒဏ်ရာများဖြင့် စွန့်ပစ်ခံထားရသည့် ရုပ်လောင်း ၆ လောင်းတွေ့ရှိ


Link [2022-01-27 22:54:39]



ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်အစွန်းမှာ သေနတ်ဒဏ်ရာတွေနဲ့ သတ်ဖြတ်ခံထားရပြီး အိမ်သာကျင်းဟောင်းမှာ စွန့်ပစ်ခံထားရတဲ့ လူ ၆ ယောက်ရဲ့ အလောင်းတွေကို ဒေသခံတွေက တွေ့ရှိခဲ့ပါတယ်။  သတ်ဖြတ်ခံရသူ ၆ ယောက်ထဲက  ၄ ယောက်ဟာ အသက်မပြည့်သေးတဲ့ လူငယ်လေးတွေဖြစ်ပြီး စစ်ကောင်စီတပ်က အကြောင်းမဲ့ သတ်ဖြတ်သွားခဲ့တာလို့လည်း ဒေသခံတွေပြောပါတယ်။ သတ်ဖြတ်စွန့်ပစ်ခံရသူ ၆ ယောက်ထဲမှာ  ယူဂျင်းဆိုတဲ့ အသက်မပြည့်သေးသူတယောက်လည်း ပါဝင်ပြီး သူဟာ နာနတ်တောရပ်ကွက်မှာနေထိုင်ကာ  မကြာသေးခင်ကမှ သူ့ဖခင်ဆုံးသွားတာလို့ သူ့ဦးလေးဖြစ်သူက  လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။ “အသက်မပြည့်သေးတဲ့..ကလေးပါ။ သူ့အဖေလည်းဆုံးတာ တစ်လတောင်မပြည့်သေးဘူး.။ မိခင်လည်း..နိုင်ငံရပ်ခြားမှာ။ .ခွေးတွေနာနတ်တောရပ်ကွက်ထဲဝင်လာတုန်း ရက်စက်စွာလာ ပစ်သတ်သွားတယ်။ ငါ့တူလေး ယူဂျင်းရေ…. မင်းအတွက်..ကမ္ဘာမကြေဘူး…တစ်သက်လုံး ကမ္ဘာမကြေဘူးကွာ.။”  လို့ သူ့ရဲ့ ဦးလေးဖြစ်သူက လူမှုကွန်ရက်မှာ ပြောပါတယ်။  ယူဂျင်းရဲ့ မိခင်ဟာလည်း […]

Most Read

2024-09-23 06:20:54