Breaking News >> News >> Democratic Voice of Burma


ထီးချိုင့်မှ မိုးညှင်းသို့ တက်လာသည့် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ


Link [2022-01-27 22:54:39]



မန္တလေး – မြစ်ကြီးနားဗျူဟာလမ်းအတိုင်း ထီးချိုင့်ကနေ မိုးညှင်းဘက်ကို တက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ဇန်နဝါရီ ၂၇ ရက်မနက်က ကေအိုင်အေနဲ့ ဒေသခံ PDF တပ်ဖွဲ့တွေက  အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ စစ်ကောင်စီယာဥ်တန်းကို ထီးချိုင့်မြို့နယ်မှာ သုံးနေရာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အင်းတော်မြို့ နယ်မှာလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့သလို မော်လူးနဲ့ နမ့်စီအောင်ကြားမှာလည်း မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်‌ရေးတပ်သား တယောက်က ပြောပါတယ်။ “မနက် ၃ နာရီလောက်ကစတယ်။ ကားကတော့ အစီး‌ရေသုံးဆယ်ကျော်တယ်။ တစ်နေရာမိုင်းဆွဲခံရရင် သုံးလေးစီး ရပ်သွားတယ်။ မိုင်းဆွဲခံရတဲ့ နေရာမှာရပ်တာတော့ မဟုတ်ဘူး။ တခြားရွာမှာရပ်သွားတယ်။ ဟိုဘက်ကို ကားဘယ်နှစီးပဲရောက်လဲတော့မသိဘူး။” စစ်ယာဥ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် လမ်းဘေးပတ်ဝန်းကျင်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားပေါ်ကနေပစ်ခတ်ခဲ့ရာမှာ  ရွာသစ်ရွာက ပြည်သူတယောက်ရဲ့ ခြေထောက်ကျည်ဆန် ထိမှန်ခဲ့ပါတယ်။ […]

Most Read

2024-09-23 06:27:33