Breaking News >> News >> Democratic Voice of Burma


လောင်းလုံးမြို့နယ်၌ လူနေအိမ် ၁ အိမ်ကို ပျူစောထီးတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်


Link [2022-01-27 22:54:39]



တနင်္သာရီတိုင်း၊ လောင်းလုံးမြိုနယ်၊ ဂေါ့အင်းကျေးရွာမှာရှိတဲ့နေအိမ်တအိမ်ကို  ပျူစောထီးတပ်ဖွဲ့ ဝင်တွေက ဇန်နဝါရီ ၂၆ ရက် ညပိုင်းမှာ ကားနဲ့ရောက်ရှိလာပြီး နေအိမ်ထဲကို သေနတ်နဲ့ အချက်ပေါင်းများစွာပစ်ခတ်ခဲ့တယ်လို ဒေသခံတွေက ပြောပါတယ်။  ဂေါ့အင်းကျေးရွာမှာရှိတဲ့ ဈေးဆိုင်နဲ့တွဲထားတဲ့ နေအိမ်ကို ပျူစောထီးတပ်ဖွဲ့ဝင်လေးယောက်က ကားပေါ်ကဆင်းလာပြီး ကားလမ်းပေါ်ကနေ သေနတ်နဲ့ အချက် ၂၀ လောက်ပစ်ခတ်ခဲ့တာလို့ ပစ်ခတ်ခံခဲ့ရတဲ့ နေအိမ်မိသားစုနဲ့  နီးစပ်သူတစ်ဦးက ပြောပါတယ်။  အခုလို ပစ်ခတ်မှုကြောင့် ထိခိုက် ဒဏ်ရာရသူတော့ မရှိဘဲ နေအိမ်နေရာအနှံ့ ကျည်ဆန်တွေ ထိမှန်ခဲ့ပြီး  ဘာကြောင့်အခုလို လာရောက်ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ ကာယကံရှင်တွေ ကိုယ်တိုင်မသိရဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်က အဆိုပါ ဂေါ့အင်းရွာမှာ နေထိုင်တဲ့ စစ်ကောင်စီ သတင်းပေးလို့ လူသိများသူတယောက်ရဲ့ နေအိမ်ကို  လူ ၂ […]

Most Read

2024-09-23 06:16:43