Breaking News >> News >> Democratic Voice of Burma


မန္တလေး အောင်တော်မူဘုရားအနီးရှိ အကင်ဆိုင် ချိတ်ပိတ်ခံရ


Link [2022-01-27 22:54:39]



မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်။ အောင်တော်မူဘုရားအနီး ၆၃ လမ်း၊ ၂၇ လမ်းနဲ့ ၂၈ လမ်းကြားရှိ အကင်ဆိုင်တဆိုင်ကို  ဇန်နဝါရီလ ၂၇ ရက်မနက်ပိုင်းမှာ စစ်ကောင်စီက  ချိတ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ချိတ်ပိတ်ခံရတဲ့ဆိုင်ဟာ Blue BBQ ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ပတ်သက်တယ်ဆိုကာ စစ်ကောင်စီတပ်က ဆိုင်ကို အစိုးရပိုင်အဖြစ်သိမ်းကြောင်း စာကပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေးမြို့က ဈေးတချို့နဲ့ ဆိုင်တချို့မှာလည်း စစ်ကောင်စီတပ်သားတွေနဲ့ စည်ပင်ဝန်ထမ်းတွေက ဖေဖော်ဝါရီ ၁ ရက်မှာ ဆိုင်ဖွင့်ဖို့ စာတွေလိုက်ဝေနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ပြည်တော်ဝင်ဖို့ ရုန်းကြစို့ဆိုတဲ့ကြွေးကြော်သံနဲ့  အသံတိတ်သပိတ် အာဏာဖီဆန်ရေး လှုပ်ရှားမှုကို စစ်အာဏာသိမ်း ၁ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက် မနက် […]

Most Read

2024-09-23 06:29:32