Breaking News >> News >> Democratic Voice of Burma


ဂန့်ဂေါမြို့နယ်၌ ရဲကား ၂ စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး ရဲ ၅ ဦး အပြင်းထန်ဒဏ်ရာရ


Link [2022-01-27 22:54:39]



မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ဇန်နဝါရီ ၂၇ ရက်မနက်ပိုင်းက ရဲကားနှစ်စီးမိုင်းခွဲ တိုက်ခိုက်ခံရပြီး ရဲ ၅ ယောက်ထက်မနည်း အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ PDF-ဂန့်ဂေါ ကနေ သိရပါတယ်။ ဂန့်ဂေါ-ကလေး လမ်းပိုင်း မိုင်တိုင်အမှတ်(၂)နားမှာ ဒီကနေ့မနက် ၁၀ နာရီလောက်က ကင်းလှည့်နေတဲ့ ရဲကားနှစ်စီးကို PDF-ဂန့်ဂေါရဲ့  တပ်ခွဲ(၅)က ကိုဘဂျမ်းဦးဆောင်တဲ့အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာမှာ ကားတစ်စီး မိုင်းထိမှန်ခဲ့တယ်လို့ PDF-ဂန့်ဂေါရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ အဲဒီ မိုင်းခွဲတိုက်ခိုက်ခံရတဲ့ ကားတစ်ခြမ်းလုံး ပျက်စီးသွားပြီး ရဲ ၅ ယောက် အပြင်းအထန်ဒဏ်ရာ ရရှိခဲ့က PDF-ဂန့်ဂေါဘက်က အထိခိုက်အကျဆုံး မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ “စိုင်းဒူးတံတားနားကို ရဲကားက ၂ စီးလာတာဗျ တစ်စီးကမိုင်းထိမှန်ပြီးတော့ လန်ထွက်သွား တယ်။နောက်တစ်စီးကတော့ နောက်လှည့်ပြီး ပြန်ပြေးသွားတယ်”PDF-ဂန့်ဂေါရဲ့ ပြန်ကြားရေးတာဝန်ခံက […]

Most Read

2024-09-23 06:29:01