Breaking News >> News >> Democratic Voice of Burma


ရှောင်တာနယ်လ်အမှုရုံးထုတ်၊ သက်သေရောက်မလာသဖြင့် မစစ်ဆေးဖြစ်


Link [2022-01-27 22:54:39]



စစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ သြစတြေးလျနိုင်ငံသား ပါမောက္ခ ရှောင်တာနယ်လ်အမှုကို ဇန်နဝါရီ ၂၇ ရက် ဒီနေ့ဆက်လက်ရုံးထုတ်ခဲ့ပေမဲ့ သက်သေတွေ မလာတာကြောင့် မစစ်ဆေးဖြစ်ဘူးလို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။ “ဒီနေ့ရုံးချိန်းက မစစ်ဖြစ်ဘူး။ အန်ကယ် ဦးကျော်၀င်းက ဆေးရုံတက်နေရတယ်။ သက်သေလည်း မလာဘူး” လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဒီအမှုတွဲမှာပါနေတဲ့ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းဟာ အူကျရောဂါနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ဆေးရုံတက်ကုသနေရသလို အူမကြီးကင်ဆာနဲ့ ခွဲစိတ်မှုခံထားတဲ့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုး၀င်းကလည်း ဆေးရုံက မဆင်းရသေးဘူးလို့ သိရပါတယ်။ ဒီအမှု ရုံးချိန်းကိုတော့ ဖေဖော်ဝါရီလ ၃ ရက်နေ့ကို ပြန်လည်ချိန်းဆို လိုက်တယ်လို့ သိရပါတယ်။ ရှောင်တာနယ်လ်ကို စစ်ကောင်စီက မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃-၁(ဂ)၊ လ.ဝ.ကအက်ဥပဒေတို့နဲ့ […]

Most Read

2024-09-23 06:27:44