Breaking News >> News >> Democratic Voice of Burma


ဟွန်ဒူးရပ်စ် ပထမဆုံးအမျိုးသမီးသမ္မတ ကျမ်းသစ္စာကျိန်ပွဲ အမေရိကန်ဒုသမ္မတ တက်‌မည်


Link [2022-01-27 11:13:40]



ဗဟိုအမေရိကနိုင်ငံတနိုင်ငံဖြစ်တဲ့ ဟွန်းဒူးရပ်စ်မှာ ပထမဆုံး အမျိုးသမီးသမ္မတ စီယိုမာရာ ကက်စထရိုရဲ့ ကျန်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ဒီနေ့ ကျင်းပမှာဖြစ်ပြီး အမေရိကန်ဒုသမ္မတ ကာမလာဟဲရစ် တက်ရောက်ဂုဏ်ပြုမှာ ဖြစ်ပါတယ်။ အသက် ၆၂ နှစ်ရှိ စီယိုမာရာဟာ လက်ဝဲယိမ်း ဆိုရှယ်ဒီမိုကရက်ပါတီကို ကိုယ်စားပြုတဲ့ သမ္မတဖြစ်ပေမဲ့ အမေရိကန်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ထူထောင်ထားသူပါ။ ခြစားမှု၊ လူကုန်ကူးမှု၊ ဆင်းရဲမွဲတေမှုတွေနဲ့အတူ ၁၂ နှစ်ကြာ အာဏာကြီးစိုးထားတဲ့ ကွန်ဆာဗေးတစ်ပါတီကို  ဟွန်းဒူးရပ်စ်ပြည်သူတွေက ငြီးငွေ့စိတ်ပျက်နေတာကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲမှာ စီယိုမာရာကို  ပြတ်ပြတ်သားသား မဲပေးခဲ့တာပါ။   ဒီနေ့ ကျန်းသစ္စာကျိန်ဆိုပွဲကို  ထိုင်ဝမ်ဒုသမ္မတ ဝီလျံလိုင် လည်း တက်ရောက်မှာဖြစ်ပြီး ဟွန်းဒူးရပ်စ်-ထိုင်ဝမ် နှစ်နိုင်ငံဆက်ဆံရေးက တရုတ်နဲ့ဆက်ဆံရေးထက် ပိုကောင်းမွန်ကြောင်း ပြသမှာဖြစ်ပါတယ်။

Most Read

2024-09-23 06:28:53