Breaking News >> News >> Democratic Voice of Burma


ကမ်းလှမ်းမှုများအားပယ်ချခဲ့သည့် မန်ယူအသင်းကို လင်ဂတ် စိတ်ဆိုးဒေါသထွက်နေ


Link [2022-01-27 11:13:40]



ပြိုင်ဘက်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို လက်မခံခဲ့တဲ့ ယူနိုက်တ်အသင်းကို ဂျက်စီလင်ဂတ်က စိတ်ဆိုးဒေါသထွက်နေတယ်လို့ သိရပါတယ်။  လင်ဂတ်ကို အငှားစာချုပ်နဲ့ခေါ်ယူဖို့အတွက် နယူးကာဆယ်၊ စပါးနဲ့ ဝက်စ်ဟမ်းအသင်းတွေက ကမ်းလှမ်းခဲ့ပေမယ့် မန်ယူအသင်းဘက်က အငှားစာချုပ်ကြေးနဲ့အတူ ပေါင် ၁၂ သန်းလည်း အလိုရှိနေတာကြောင့် အဆင်မပြေဖြစ်ခဲ့တာပါ။  ယူနိုက်တက်အသင်းဟာ လင်ဂတ်အတွက် အငှားစာချုပ်ကြေး ပေါင် ၂ ဒသမ ၅ သန်းရရှိ ဖို့လိုလားနေပြီး ပေါင် ၁၂ သန်း ဆုကြေးရဖို့လည်း ဆန္ဒရှိနေတာပါ။  ဒါ့အပြင် အဆင့်လေးနေရာအတွက် ပြိုင်ဘက်တွေလို့ဆိုနိုင်တဲ့ စပါးနဲ့ ဝက်စ်ဟမ်းအသင်းတွေကို ရောင်းချလိုစိတ်မရှိတာကြောင့်လည်း လင်ဂတ်ကို ဆက်ထိန်းခဲ့တာလို့ သိရပါတယ်။  လင်ဂတ်ကိုခေါ်ယူဖို့အတွက် နယူးကာဆယ်အသင်းကလည်း မေးမြန်းစုံစမ်းမှုပြုလုပ်ခဲ့ပေမယ့် မန်ယူအသင်းက မတန်တဆ စျေးခေါ်နေတာကြောင့် အပြောင်းအရွှေ့ မဖြစ်သေးတာလို့ သိရပါတယ်။ 

Most Read

2024-09-23 06:27:09