Breaking News >> News >> Democratic Voice of Burma


မုံရွာမြို့က ခိုးဆိုးလုယက်ကျူးလွန်သူများကို နှိမ်နင်းအရေးယူမည်ဟု မြို့ပြပြောက်ကြားအဖွဲ့ပြော


Link [2022-01-27 11:13:40]



စစ်ကိုင်းတိုင်း မုံရွာမြို့မှာ နေ့စဉ်လိုလို ခိုးဆိုးလုယှက်မှုတွေများပြားလာတဲ့အပေါ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မြို့ပြပြောက်ကြားတပ်ဖွဲ့တွေက ကျူးလွန်သူတွေကို ပြင်းထန်စွာ နှိမ်နင်းအရေးယူသွားမယ်လို့ ထုတ်ပြန်ပြောဆိုပါတယ်။ စစ်တပ်အာဏာသိမ်းမှုကြောင့် အများပြည်သူအားလုံး ဒုက္ခများစွာနဲ့ ရင်ဆိုင်နေရတဲ့ အခြေနေမျိုးမှာ အခွင့်ကောင်းယူပြီး ကျူးလွန်နေကြတာကို ခွင့်လွှတ်လို့ မရကြောင်း မုံရွာမြို့ပြပြောက်ကြားတပ်ဖွဲ့ဖြစ်တဲ့ Monywa Nightking အဖွဲ့ဦးဆောင်သူက ပြောပါတယ်။ “စစ်အာဏာသိမ်းမှုကြောင့် ပြည်သူအားလုံး ဒုက္ခတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အခုလို အများပြည်သူတွေရဲ့ ဥစ္စာပစ္စည်းကို ခိုးဆိုးလုနှိုက်လုပ်တာဟာ ဘယ်လိုနည်းနဲ့မှ ခွင့်လွှတ်စရာအကြောင်းမရှိဘူး။ ကျနော်တို့က ကျူးလွန်သူ‌ကို သိရှိရရင် ပထမတစ်ကြိမ်တော့ ပညာပေးတဲ့အနေနဲ့ တစ်ပတ် ဒါမှမဟုတ် တစ်လနီးပါးချုပ်ထားတယ်။ နောက်ထပ်ကျူးလွန်တာ သိရှိရရင်တော့ သုတ်သင်ရှင်းလင်းတာတွေ လုပ်ဆောင်ပါတယ်။ အခု မုံရွာမှာ နေ့စဉ်လိုလို ခိုးဆိုးလုယက်ခံရတာတွေရှိနေတော့ ကျနော်တို့အနေနဲ့ ပြတ်သားစွာကိုင်တွယ်မှ ရတော့မှာပါ” လို့ ပြောပါတယ်။ […]

Most Read

2024-09-23 06:26:44