Breaking News >> News >> Democratic Voice of Burma


ဘားအံတွင် စာသင်ကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်က ဘန်ကာများတည်ဆောက်နေ


Link [2022-01-26 23:36:05]



ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စစ်ကောင်စီတပ်တွေဟာ စာသင်ကျောင်းဝင်းအတွင်းနဲ့ ကျောင်းဝင်းအနီးတွေမှာ ဘန်ကာ(Bunker)တွေ တည်ဆောက်နေတဲ့အတွက် ကျောင်းတက်နေတဲ့ သားသမီးတွေအတွက် စိုးရိမ်တယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့တပ်တွေဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ လူနဲ့ ယာဉ်သွားယာဉ်လာများတဲ့ အထက ၁ ကျောင်းဝင်းထဲက အားကစားရုံဘေးနဲ့ ချစ်လေးလက်ဖက်ရည်ဆိုင်အနီးက ပန်းခြံအတွင်းမှာ ဘန်ကာတွေ တစ်ခုစီတည်ဆောက်ထားသလို ဗိုလ်ချုပ်လမ်းမကြီးဘေးက အထက ၃ ကျောင်းဝင်းထဲမှာလည်း ဘန်ကာ(Bunker)တွေတည်ဆောက်ထားပါတယ်။ ဘားအံမြို့၊ အမှတ် ၂ ရပ်ကွက် ကျောင်းသားမိဘ တစ်ဦးက” အခုလို ကျောင်းဝင်းထဲ ဘန်ကာတွေ တည်ဆောက်တာက ကလေးတွေအတွက် အန္တရာယ်များတယ်။ လုံခြုံရေးအကြောင်းပြပြီး ကလေးတွေကို အကာအကွယ်ယူတာက လုံးဝမဖြစ်သင့်ဘူး။ ကလေးတွေကို အန္တရာယ်တွင်းထဲ ထည့်လိုက်တာနဲ့ တူနေတယ်”လို့ ပြောပါတယ်။ ဘားအံမြို့၊ ပညာရေးဝန်ထမ်းတစ်ဦးက”ကျောင်းဝန်းတွေမှာ ဘန်ကာတွေဆောက်တာက လုံးဝမဖြစ်သင့်ဘူး။ ဆောက်ဖို့လည်း […]

Most Read

2024-09-23 06:29:09