Breaking News >> News >> Democratic Voice of Burma


ကော့သောင်းတွင် ရေလုပ်ငန်းရှင်အချို့၏ ဂိုဒေါင်များကို စစ်တပ်ကရှာဖွေ ပစ္စည်းများသိမ်းယူ


Link [2022-01-26 23:36:05]



တနင်္သာရီတိုင်း၊ ကော့သောင်းမြိုနယ်ထဲမှာရှိတဲ့ လုပ်ငန်းရှင်တချို့ရဲ့ ကုန်လှောင်ရုံ ဂိုဒေါင်တွေကို စစ်ကောင်စီက ဝင်ရောက်ရှာဖွေကာ စားသောက်ကုန်ပစ္စည်းတွေကို ပစ္စည်းတွေသိမ်းယူနေတယ်လို့  ဒေသခံရေလုပ်ငန်းရှင်အသိုက်အဝန်းကနေ သိရပါတယ်။ ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းကစတင်ပြီး အဏ္ဏဝါရပ်ကွက် ရှင်ကြီးမော်ထိတ်လမ်းဆုံကနေ ရွှေဇင်ယော်ရပ်ကွက် ကျားပါးစပ်တန်းလမ်းဆုံထိ စစ်တပ် ၊ ရဲနဲ့ စည်ပင်တွေက အဆိုပါလမ်းထဲမှာရှိတဲ့ လုပ်ငန်းရှင်တွေရဲ့ ဂိုဒေါင်တစ်ခုချင်းစီကို ဝင်ရောက်ရှာဖွေနေကြတာပါ။ အဆိုပါလမ်းထဲမှာ ဂိုဒေါင်အလုံးပေါင်း  ၆၀ ဝန်းကျင်ရှိပြီး ဖောက်ခွဲရေးပစ္စည်းတွေကို တစ်ဖက်နိုင်ငံကနေတစ်ဆင့် တင်သွင်းနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးနေတာဖြစ်ပြီး လူကိုမဖမ်းဆီးဘဲ ထိုင်းကတင်သွင်းလာတဲ့ စားသောက်ကုန်ပစ္စည်းတွေကိုသာ အဓိက သိမ်းယူနေတာလို့ သိမ်းဆည်းခံရတဲ့ ရေလုပ်ငန်းရှင်နဲ့ နီးစပ်သူ တစ်ယောက်က ပြောပါတယ်။ အဲဒီလိုဝင်ရောက် ရှာဖွေသိမ်းဆည်းတဲ့နေရာမှာ စစ်ကောင်စီနဲ့အဆင်ပြေတဲ့ လုပ်ငန်းရှင်တွေရဲ့ ဂိုဒေါင်တွေကိုတော့ ရှာဖွေသိမ်းဆည်းတာမလုပ်ဘဲ တခြားဂိုဒေါင်တွေကိုသာ အခုလို […]

Most Read

2024-09-23 06:24:51