Breaking News >> News >> Democratic Voice of Burma


မြဝတီမြို့နယ်တွင် ဒေသခံ ၃ ဦး မြေမြှုပ်မိုင်း နင်းမိ


Link [2022-01-26 11:54:38]



ထိုင်း-မြန်မာနယ်စပ်၊ ကရင်​ပြည်နယ် မြဝတီမြို့နယ်၊ သေ့ဘောဘိုးကျေးရွာအနီးမှာ ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းက ဒေသခံရွာသား ၃ ယောက် မြေမြှုပ်မိုင်း နင်းမိခဲ့တယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေထံက သိရပါတယ်။ အမည်မသိ လက်နက်ကိုင်အဖွဲ့က ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိခဲ့တဲ့အတွက် ဒေသခံ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ဒဏ်ရာရရှိခဲ့တဲ့အတွက် ထိုင်းနိုင်ငံ တာ့ခရိုင် ဖို့ဖတ်မြို့နယ် အစိုးရဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။ စစ်ဘေးရှောင်အရေး ကူညီပေးနေသူ တစ်ဦးက “ဒေသခံတွေ မိုင်းထိလို့ ထိုင်းဘက်ကို အကူအညီ တောင်းလာတယ်လို့ ပြောတယ်။ လူနာ ၃ ဦးကို ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက် ခေါ်ဆောင်ပြီး ဖုတ်ဖလဆေးရုံကို ပို့ပေးလိုက်တယ်လို့သိရတယ်”လို့ ဆိုပါတယ်။ ဒီဇင်ဘာလက စတင်ပြီး […]

Most Read

2024-09-23 06:26:01