Breaking News >> News >> Democratic Voice of Burma


မန်ယူအသင်း ကိုယ်ပိုင်ကစားဟန်တည်ဆောက်ရန် ပိုအရေးကြီးကြောင်း ဖာဒီနန် သုံးသပ်


Link [2022-01-26 11:54:38]



မန်ယူနိုက်တက်အသင်းမှာ ကိုယ်ပိုင်ကစားပုံတစ်ခု တည်ဆောက်ဖို့က တခြားအရာတွေထက် ပိုမိုအရေးကြီးတယ်လို့ နောက်ခံလူဟောင်းဖာဒီနန်က ပြောပါတယ်။  ယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ဘယ်လောက်ပဲခေါ်ယူနေနေ ကိုယ်ပိုင်ကစားဟန်တခုရှိမှသာ အဆင်ပြေမယ်လို့ ဖာဒီနန်က ပြောပါတယ်။  “အသင်းသစ် တည်ဆောက်နေချိန်၊ ကစားကွက်နည်းစနစ် အသစ်ပြင်ဆင်နေချိန်မှာ အားလုံးနေရာတကျဖြစ်နေဖို့ လိုပါတယ်။ အဲဒီအရာတွေရှိမှ ရှေ့ဆက်သွားလို့ ရပါမယ်။ ကိုယ်ပိုင်ကစားဟန် နေရာတကျမရှိသရွေ့တော့ ဘယ်ကစားသမားကိုပဲခေါ်ခေါ် ကျနော် ဂရုမစိုက်ပါဘူး” လို့ ဖာဒီနန်က ပြောပါတယ်။  မန်ယူအသင်းဟာ မာရှယ်ကို ဆီဗီလာအသင်းဆီ အငှားချထားသလို ဗန်ဒီဘိခ်ကိုလည်း အသင်းပြောင်းခွင့်ပေးဖို့ ရှိပါတယ်။  သူတို့နေရာတွေအတွက် ကစားသမားသစ် ခေါ်ယူမလားဆိုတာကတော့ အပြောင်းအရွှေ့မပိတ်ခင် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

Most Read

2024-09-23 06:19:16