Breaking News >> News >> Democratic Voice of Burma


မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ


Link [2022-01-26 11:54:38]



စစ်‌ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ စနယ်ဗျင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဇန်နဝါရီ ၂၅ ရက် မနက် ၁၀ နာရီကျော်လောက် တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ တိုက်ခိုက်ခံရတဲ့ စစ်တပ်ဟာ ပန်းဆက်ကျေးရွာကနေ စနယ်ဗျင်းကျေးရွာမှာ လာရောက်တပ်စွဲထားတာလို့ မင်းကင်းမြို့နယ်ပကဖအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “ဘာကြောင့် အခုလို တိုက်ခိုက်ရတာလဲဆိုတော့ စစ် (-) တွေက ကျနော်တို့ရွာကို လက်နက်ပြ အနိုင်ကျင့်တပ်စွဲတယ်။ နောက်ပြီး ကျနော်တို့ရွာက စားနပ်ရိက္ခာတွေ၊ ပစ္စည်းတွေ ပန်းဆက်ရွာကို သယ်နေကြတယ်။ အဲလိုအနိုင်ကျင့်နေတာ မခံနိုင်လို့ အခုလိုတိုက်ခိုက်ရတာဗျ။ သူတို့ဘက်က ၂ ယောက်သေတယ်။ ကျနော်တို့ဘက်ကတော့ အကျဆုံးမရှိဘူး။” စစ်ကောင်စီတပ်တွေဟာ စနယ်ဗျင်းကျေးရွာမှာ ဇန်နဝါရီ ၁၂ ရက်က စတင်တပ်စွဲခဲ့တာကြောင့် ဒေသခံရွာသားတွေ ကျေးရွာအတွင်း မနေရဲကြတော့ဘဲ စစ်ဘေးရှောင်နေကြရတယ်လို့ ဆိုပါတယ်။ […]

Most Read

2024-09-23 06:18:39