Breaking News >> News >> Democratic Voice of Burma


မြစ်ကြီးနားပစ်ခတ်မှု ရဲတပ်ဖွဲ့ဝင်အပါအဝင် ၂ ဦး ဒဏ်ရာရ


Link [2022-01-26 11:54:38]



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်မှာ ဇန်နဝါရီလ ၂၄ ရက် မွန်းလွဲပိုင်းက  ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ  ရဲတပ်ဖွဲ့ဝင်အပါအဝင် ၂ ယောက်ကျည်ဆန်ထိမှန် ဒဏ်ရာရသွားတယ်လို့  ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။  အဆိုပါရပ်ကွက်မှာရှိတဲ့ အပေါင်ဆိုင်မှာ အမျိုးသားတစ်ယောက်က ရွှေလာပေါင်ရာမှာ ပေါင်တဲ့ရွှေက အတုဖြစ်နေတဲ့အတွက် ဆိုင်ပိုင်ရှင်က ကေအိုင်အိုကို တိုင်ကြားခဲ့သလို လာရောက်ပေါင်နှံသူကလည်း ရဲကို တိုင်ကြားခဲ့ပြီးတဲ့နောက်မှာတော့ ဆိုင်ကယ် ၃ စီးနဲ့ လူငယ် ၆ ယောက်ရောက်လာပြီး ဆိုင်ရှေ့မှာရှိတဲ့ ရဲအစောင့်တွေကို လာရောက်ပစ်ခတ်သွားတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။ အဆိုပါ ပစ်ခတ်မှုမှာ ဆိုင်ရှင်ကိုလည်း ကျည်ဆန်ထိမှန်ခဲ့သလို ရဲတယောက်ရဲ့ ဝမ်းဗိုက်မှာလည်း ကျည်ဆန်ထိမှန်သွားပြီး လာရောက်ပစ်ခတ်ခဲ့တဲ့ လူငယ် ၆ ယောက်ကတော့ လွတ်မြောက်သွားခဲ့ပါတယ်။  အဲဒီလိုပစ်ခတ်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ရောက်ရှိလာပြီး သေနတ်နဲ့ ရမ်းသန်းပစ်ဖောက်မှုတွေပြုလုပ်ခဲ့ကာ […]

Most Read

2024-09-23 06:20:13