Breaking News >> News >> Democratic Voice of Burma


တိုက်ပွဲကြောင့် လွိုင်ကော်မြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာရုံးများ မဖွင့်နိုင်သေး


Link [2022-01-26 11:54:38]



ကယားပြည်နယ်၊ မြို့တော်လွိုင်ကော်မြို့မှာ ဇန်နဝါရီလဆန်းပိုင်းကစပြီး မြို့တွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီလက်အောက်ခံ ဌာဆိုင်ရာ အသီးသီး ရုံးဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ပါဘူး။ လွိုင်ကော်မြို့တွင်းမှာ ဇန်နဝါရီ ၆ ရက် မနက် ၁၀ နာရီခွဲကစပြီး ညပိုင်းအထိ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေ အဲဒီနေ့ကစပြီး စစ်ဘေးရှောင်နေကြရပါတယ်။ ဇန်နဝါရီလ ၇ ရက်နေ့မှာတော့  စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား လွိုင်ကော်မြို့ မိုင်းလုံး၊ ပန်ကန်းနဲ့ ရွာတန်းရှည်ရပ်ကွက်တွေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးတွေအပြင် လေကြောင်းနဲ့ပါ ဗုံးကျဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားပြီးနောက် လွိုင်ကော်မြို့ပေါ်ဒေသခံတွေ စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြသလို စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုတွေလည်း စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ […]

Most Read

2024-09-23 06:19:47