Breaking News >> News >> Democratic Voice of Burma


မန္တလေးမြို့ရှိ ထွန်တုံး လျှပ်စစ်ဓာတ်အားခွဲရုံတွင် ဗုံးပေါက်ကွဲ


Link [2022-01-26 11:54:38]



မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက် ၄၉ လမ်း နဲ့ ၁၀၈ လမ်းထောင့်ရှိ ထွန်တုံးလျှပ်စစ် ဓာတ်အားခွဲရုံအတွင်း ဇန်နဝါရီ ၂၅ ရက် ည ၇ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ အမည်မသိ လူနှစ်ဦးက ဆယ်ကယ်နဲ့ရောက်လာ ပစ်သွားတာကြောင့် ထွန်တုံးလျှပ်စစ် ဓာတ်အားခွဲရုံအတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ လူထိခိုက်ဒဏ်ရာရတာနဲ့ အဆောက်အဦ ထိခိုက်ပျက်စီးတာ မရှိဘူးလို့ သိရပါတယ်။ “ညနေပိုင်းဆိုရင်ကို အဲ့ပတ်ဝန်းကျင်က လူသွားလူလာ နည်းသွားပြီ။ အဲ့ဒီရုံးမှာကလည်း လူသိပ်မရှိဘူး။ ပေါက်ကွဲမှုဖြစ်တာ ထိခိုက်တယ်မကြားမိဘူး။” လို့ ထွန်တုံးရပ်ကွက်နေပြည်သူ တစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ဒီကနေ့ မနက် ၇ နာရီဝန်းကျင်ကလည်း ပုသိမ်ကြီးမြို့နယ်၊ ဆင်ပွတ်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးက မြေနေရာ ငှားရမ်းထားတဲ့ မိုင်တဲလ်တာဝါတိုင်အနီးမှာ မပေါက်ကွဲသေးတဲ့ မိုင်းတစ်လုံး တွေ့ရှိခဲ့တယ်လို့ […]

Most Read

2024-09-23 06:24:22