Breaking News >> News >> Democratic Voice of Burma


ထားဝယ်မြို့ တနင်္သာရီတိုင်းအစိုးရအဖွဲ့ရုံးအနီး ဗုံး ၂ လုံးပေါက်


Link [2022-01-26 00:13:54]



ထားဝယ်မြို့မှာရှိတဲ့  လုံခြုံရေးတင်းကျပ်ထားတဲ့   တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲရုံး ဘေးလမ်းမှာ ဇန်နဝါရီ ၂၅ ရက် ဒီနေ့ မနက်ပိုင်းက ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပါတယ်။  ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုကို အသေးစိတ်မသိရှိရသေးပေမယ့် ထားဝယ်မြို့ခံတွေအနေနဲ့ သွားလာတဲ့နေရာမှာ စိုးရိမ်မှုတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။  အဆိုပါ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲရုံးဟာ  အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက လက်နက်ကိုင် လုံခြုံရေးအင်အား အများအပြားချထားသလို လမ်းတွေကိုလည်း ပိတ်ဆို့ထားပြီး သွားလာမှုတွေကိုလည်း ကန့်သတ်ထားတဲ့နေရာဖြစ်ပါတယ်။ အဆိုပါ ဗုံးပေါက်ကွဲမှုကို ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာကိုတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

Most Read

2024-09-23 06:27:51