Breaking News >> News >> Democratic Voice of Burma


ကရင်စစ်ဘေးရှောင်များ လယ်ယာ၊ ဥယျာဥ်ခြံလုပ်ငန်းများ စွန့်ပစ်ထားခဲ့ရသဖြင့် အခက်ကြုံ


Link [2022-01-26 00:13:54]



ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ မိမိတို့အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ လယ်ယာ၊ ဥယျာဥ်ခြံလုပ်ငန်းတွေကို လုပ်ကိုင်နိုင်ခြင်းမရှိတဲ့အတွက် စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ  မိမိတို့ရဲ့ အိုးအိမ်တွေကိုရော လယ်ယာတွေကိုပါ စွန့်ပစ်ထားခဲ့ရပြီး မိမိတို့ ဆွေမျိုးတွေရှိရာ ကျေးရွာတွေနဲ့ နီးစပ်ရာကျေးရွာတွေဆီမှာ သွားရောက် ခိုလှုံနေကြရတာပါ။ အံဖကြီးကျေးရွာ ဒေသခံတစ်ဦးက”အခုက စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေ သိမ်းချိန်လေ။ အခုပစ်ထားရတော့ အကုန်ဆုံးရှုံးကုန်ပြီ။ လူတွေက ထွက်မပြေးရင်လည်း အသက်အန္တရာယ်က စိုးရိမ်ရတော့ အကုန်ထားခဲ့ရတယ်။ အခုတောင်စားသောက်ရေးက အခက်အခဲတွေ ဖြစ်နေပြီ။ ရေရှည်တာ တိုက်ပွဲတွေဖြစ်နေမယ်ဆိုရင် မတွေးရဲတော့ဘူး” လို့ ပြောပါတယ်။ စစ်ကောင်စီရဲ့ တပ်တွေဟာ လူနေအိမ်တွေမှာ အခြေပြုလှုပ်ရှားနေတာဖြစ်ပြီး၊ ကျေးရွာအတွင်းက ပြည်သူတွေ မွေးမြူထားတဲ့  တိရစ္ဆာန်တွေကိုလည်း  ခိုးယူစားသောက်တာ​တွေ […]

Most Read

2024-09-23 06:25:45