Breaking News >> News >> Democratic Voice of Burma


ရွှေဘိုမြို့နယ် ရွာစိုးရွာတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်မီးရှို့သဖြင့် အိမ်ခြေ ၁၅၀ ခန့် မီးလောင်


Link [2022-01-26 00:13:54]



စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်၊ ရွာစိုးရွာအနီး ဇန်နဝါရီ ၂၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၂၄ ရက်နေ့ မနက် ၈ နာရီခွဲအချိန်လောက်က စစ်ကောင်စီတပ်ဟာ လက်နက်ကြီးအပြည့်အစုံနဲ့ ရွာစိုးရွာကို စစ်အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ SNAKE EYES-PDF နဲ့ C&T(SHWEBO) ပ.က.ဖ အဖွဲ့တို့ပူးပေါင်းမှာ ဇီးဖြူကုန်းရွာနဲ့ ရွာစိုးရွာကြားမှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲဟာ တစ်နာရီလောက်ကြာခဲ့ပြီး စစ်ကောင်စီတပ်က ၆၀ မမ၊ ၄၀မမတို့နဲ့ အချက် ၃၀ ထက်မနည်းပစ်ခတ်ခဲ့ကြောင်း၊ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က  ၁၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး  အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ SNAKE EYES ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ရွာစိုးရွာအနီးက ပြည်သူ့ကာကွယ်ရေးတပ် […]

Most Read

2024-09-23 08:28:06