Breaking News >> News >> Democratic Voice of Burma


မိုးကုတ်မြို့ ပိန်းပြစ်မူလတန်းကျောင်းကို စစ်ကောင်စီက ဖိအားပေးဖွင့်ခိုင်း


Link [2022-01-26 00:13:54]



မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ပိန်းပြစ်ကျေးရွာ မူလတန်းလွန်ကျောင်းပြန်ဖွင့်ဖို့နဲ့ ကျောင်းမအပ်တဲ့ နေအိမ်တွေကို မီးရှို့မယ်ဆိုပြီး စစ်ကာင်စီတပ်က ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ကျောင်းနေအရွယ်ကလေးရှိတဲ့အိမ်တိုင်း ကျောင်းအပ်ရမယ်၊ ကျောင်းမအပ်တဲ့အိမ်ကို မီးရှို့မယ်၊ ပုဒ်မ ၅၀၅ နဲ့လည်း တရားစွဲမယ်လို့ ပြောတယ်” လို့ ရွာသားတစ်ဦးက ပြောပါတယ်။ ဇန်နဝါရီ ၂၁ ရက်နေ့ကလည်း ပိန်းပြစ်ကျေးရွာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ပန်းနုကြွယ်နဲ့ လီဆူရွာအတွင်းက ကျောင်းဆရာမတို့ကို မိုးကုတ်ဗျူဟာမှူးနဲ့ ပိန်းပြစ်ရွာမှာ တာဝန်ကျနေတဲ့ သုံးပွင့်အရာရှိ ဇော်နိုင်ထွန်းတို့က  ကျောင်းဖွင့်ဖို့ အတင်းအားဓမ္မ ဖိအားပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ကျောင်းအုပ်ဆရာမကြီးက CDM ဝင်ထားတော့ ကျောင်းမဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ပြောသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဇန်နဝါရီ ၂၂ ရက်နေ့က ပိန်းပြစ်လီဆူရွာအတွင်းမှာရှိတဲ့ […]

Most Read

2024-09-23 08:28:20