Breaking News >> News >> Democratic Voice of Burma


လျှပ်စစ်မီတာခ အတင်းအကျပ်ကောက်ခံနေသည့် ဇီးကုန်းမြို့နယ်လျှပ်စစ်ရုံး ဗုံးခွဲခံရ


Link [2022-01-26 00:13:54]



လျှပ်စစ်မီတာခအတင်းအကျပ်ကောက်ခံနေတဲ့ ပဲခူးတိုင်း ဇီးကုန်းမြို့နယ်လျှပ်စစ်ရုံးမှာ ဇန်နဝါရီ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ဇီးကုန်း PDF ကနေ သိရပါတယ်။ ဇီးကုန်းမြို့နယ် လျှပ်စစ်ရုံးကို မနေ့က မနက် ၉ နာရီလောက်မှာ ဇီးကုန်း PDF တပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုရှိနိုင်တယ်လို့ ZG-PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီ ကို ပြောပါတယ်။ အဲဒီ EPC ရုံးကို ပြည်သူလူထုဆီကနေ စစ်ကောင်စီရဲ့အလိုကျ လျှပ်စစ်မီတာခတွေ အတင်းအကျပ်လိုက်လံကောက်ခံနေလို့ ဗုံးခွဲသတိပေးလိုက်တာဖြစ်ပြီး မီတာခတွေကို အတင်းအကျပ် ဆက်လက်ကောက်ခံမယ်ဆိုရင် ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။ ဇီးကုန်မြို့နယ်ထဲက ပြည်သူတွေအနေနဲ့ လျှပ်စစ်မီတာခ လုံးဝမပေးဆောင်ကြဖို့နဲ့ မီတာရုံးနားကို သွားလာတာတွေ၊ မီတာရုံးက Non CDM ဝန်ထမ်းတွေနဲ့ အနီးကပ်ဆက်ဆံတာတွေ၊ မီတာခ […]

Most Read

2024-09-23 08:26:47