Breaking News >> News >> Democratic Voice of Burma


မွန်လူငယ်ညီလာခံကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွင် ကျင်းပမည်


Link [2022-01-26 00:13:54]



ဒုတိယအကြိမ်မြောက် မွန်လူငယ်ညီလာခံကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ သထုံခရိုင်မှာ ကျင်းပသွားမယ်လို့ မွန်လူငယ်များဆုံရပ် (MYF) အကြံပေး နိုင်ဉာဏ်စိုက်ရာမာဉ်က ဒီဗွီဘီကို ပြောပါတယ်။ မွန်လူငယ်ညီလာခံကိုတော့ လာမယ့် ဇန်နဝါရီ ၂၇ ရက်ကနေ  ၂၉ ရက်အထိ ၃ ရက်ကြာ ကျင်းပသွားဖို့ ရှိနေတာပါ။ ဒီညီလာခံမှာတော့ ရေးဆွဲထားတဲ့ မွန်လူငယ်မူဝါဒမူကြမ်းကို ဆွေးနွေး အတည်ပြုသွားဖို့နဲ့ မူဝါဒလုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်နိုင်ဖို့အတွက် မွန်လူငယ်များဆုံရပ် (MYF) ခေါင်းဆောင်ပိုင်းတွေကို ရွေးချယ်သွားဖို့ စီစဉ်ထားပါတယ်။ ညီလာခံကိုတော့ မွန်ပြည်သစ်ပါတီ လူငယ်ရေးအဖွဲ့ဝင်တွေ အပါအဝင် သက်ဆိုင်ရာ မွန်လူငယ်အဖွဲ့အစည်းတွေက လူငယ် ၁၇၀ ကျော် တက်ရောက်ဖို့ ဖိတ်ကြားထားတာပါ။ မွန်လူငယ်ညီလာခံဟာ လူငယ်အချင်းချင်းအကြားမှာ စုပေါင်းခေါင်းဆောင်မှု အားကောင်းလာဖို့နဲ့ အမျိုသားရေးတာဝန်တွေကို ကျရာ အခန်းကဏ္ဍကနေ ပါဝင်ထမ်းဆောင်လာနိုင်ဖို့ ရည်ရွယ်ကျင်းပလာတာ […]

Most Read

2024-09-23 08:23:46