Breaking News >> News >> Democratic Voice of Burma


ဥရောပသံတမန်များနှင့် တာလီဘန်ကိုယ်စားလှယ်အဖွဲ့ နော်ဝေတွင် တွေ့ဆုံ


Link [2022-01-25 08:11:18]



အာဖဂန်နစ္စတန်အစိုးရကိုယ်စားလှယ်တွေက နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ဇန်နဝါရီ ၂၄ ရက်က အမေရိကန်နဲ့ ဥရောပသံတမန်တွေနဲ့တွေ့ဆုံပြီး၊ အခုဆောင်းရာသီမှာ ရင်ဆိုင်ရမယ့် အာဖဂန်သန်းပေါင်းများစွာရဲ့ အငတ်ဘေးပြဿနာကို ဖြေရှင်းဖို့ ဆွေးနွေးခဲ့ပါတယ်။   အစည်းအဝေးကို ဗြိတိန်၊ ဂျာမဏီ၊ အီတလီနဲ့ ဥရောပသမဂ္ဂတို့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။ အနောက်နိုင်ငံတွေနဲ့ နော်ဝေက တာလီဘန်အစိုးရကို တရားဝင် အသိအမှတ်မပြုသေးပေမဲ့၊ လူသားချင်း စာနာထောက်ထားမှုအရ အကျပ်အတည်းကို  ကူညီဖြေရှင်းဖို့ တွေ့ဆုံခဲ့တာပါ။ တာလီဘန်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး ‘အာမီယာ ခန် မူတာကီ’ က ဦးဆောင်လာတာပါ။ လူဦးရေ ၃၉ သန်းရှိ အာဖဂန်နစ္စတန်ဟာ စီးပွားရေးပြိုလဲမှု၊ မိုးခေါင်ရေရှားမှုနဲ့ ကိုဗစ်ကပ်ဘေးတွေ ကြုံနေရတာပါ။ အခုတာလီဘန်အဖွဲ့အား ဖိတ်ကြားမှုကို ပြည်ပရောက် အာဖဂန်အုပ်စုတွေနဲ့ နော်ဝေအတိုက်အခံပါတီတို့က အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။

Most Read

2024-09-23 08:34:22