Breaking News >> News >> Democratic Voice of Burma


ကင်မရွန်းနှင့်ရှုံးထွက်ပွဲစဉ်တွင် နောက်ခံလူကို ဂိုးသမားအဖြစ် ကိုမိုရော့စ်အသင်း အသုံးပြုခဲ့ရ


Link [2022-01-25 08:11:18]



မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့ ကင်မရွန်းနဲ့ ရှုံးထွက်ပွဲစဉ်မှာ ကိုမိုရော့စ်အသင်းက နောက်ခံလူတစ်ဦးကို ဂိုးသမားအဖြစ် အသုံးပြုသွားခဲ့ရပါတယ်။  အဲဒီ အာဖရိကဖလား ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်မှာ ကင်မရွန်းက ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရခဲ့ပါတယ်။ ကိုမိုရော့စ်အသင်းဟာ ကိုဗစ်နဲ့ဒဏ်ရာပြဿနာတွေကြောင့် ဂိုးသမား ၃ ဦးစလုံး မကစားနိုင်ခဲ့တာကြောင့် အရပ် ၅ ပေ ၇ လက်မရှိ ဘယ်နောက်ခံလူ အယ်ဟတ်ဟာကို ဂိုးသမားအဖြစ် အသုံးပြုခဲ့ရပါတယ်။  ကမ္ဘာ့အဆင့် ၁၃၂ မှာရှိတဲ့ အာဖရိကကျွန်းနိုင်ငံ ကိုမိုရော့စ်ဟာ အသင်းသားစုစုပေါင်း ၁၂ ဦးအထိ ကိုဗစ်ပိုးတွေ့ခဲ့လို့ အခက်အခဲရှိခဲ့ပါတယ်။  ပွဲအစ ၇ မိနစ်မှာလည်း နောက်ခံလူ အက်ဗ်ဒူ ထုတ်ပယ်ခံခဲ့ရလို့ တစ်ယောက်လျော့နဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။  အရန်ဂိုးသမား အာမာဒါဟာ ပွဲကစားမယ့်နေ့မှာ […]

Most Read

2024-09-23 08:29:51