Breaking News >> News >> Democratic Voice of Burma


ဖောက်ခွဲရေးပစ္စည်းမှောင်ခိုသွင်းလာသည့် မြန်မာ ၁ ဦးအပါအဝင် ၃ ဦးကို မီဇိုရမ်တွင်ဖမ်းမိ


Link [2022-01-25 08:11:18]



မြန်မာနိုင်ငံသား တယောက် အပါအဝင် လူ ၃ ယောက်ကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေက မီဇိုရမ်ပြည်နယ်မှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ မှောင်ခိုပစ္စည်းတွေ အများအပြားသွင်းဖို့ ကြိုးပမ်းမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ UCA သတင်းမှာ ဖော်ပြပါတယ်။  အိန္ဒိယဖက်ဒရယ်လုံခြုံရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့ဟာ သူတို့ ၃ ဦးကို ဆက်လက်စုံစမ်း စစ်ဆေးဖို့အတွက် ဒေသဆိုင်ရာရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ အိန္ဒိယတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ သူတို့ဆီကနေ ဂျယ်လက်တင်အချောင်း ၂၅၀၀ ကီလိုဂရမ်နဲ့  ဖျူးစ်တွေ၊ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ အမေရိကန်ဒေါ်လာ ၁၅၀၀ တန်ကြေးရှိတဲ့ အိန္ဒိယနဲ့မြန်မာ ငွေကြေးတွေ အပါအဝင် တရားမဝင် ခိုးသွင်းလာတဲ့ တားမြစ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီတားမြစ်ပစ္စည်းတွေဟာ မြောက်ပိုင်း အူတာပရာဒေ့ရှ်ပြည်နယ် ကန်ပူရ်ကနေ လာတာဖြစ်မယ်လို့ သံသယရှိပြီး CNA စစ်သွေးကြွတွေအတွက် လက်နက်ကိုင်ဆောင်ဖို့ မြန်မာနိုင်ငံက […]

Most Read

2024-09-23 08:29:45