Breaking News >> News >> Democratic Voice of Burma


ငွေဆောင်မြို့ ဒေသခံ ၂၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး


Link [2022-01-25 08:11:18]



ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ ဘုန်းမောင်ကျိုင်ရွာက ဒေသခံပြည်သူ ၂၀ ကျော်ကို စစ်ကောင်စီ တပ်သားတွေက ဇန်နဝါရီ ၂၃ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ငွေဆောင်ကမ်းခြေ ဘူးကွဲမှာရှိတဲ့ အထိုင်တပ်က ရွာထဲကို အင်အားအများအပြားနဲ့လာရောက်ပြီး ဒေသခံ ပြည်သူ ၂၀ ကျော်လောက်ကို PDF တွေနဲ့ အဆက်သွယ်ရှိတယ် စွပ်စွဲကာ ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ “ရွာကို လက်နက်အပြည့်အစုံနဲ့ ဝင်စီးတာ။ အဲ့လိုပုံစံမျိုး။ ပြီးတော့ နာမည်စာရင်းနဲ့ လာတာ ရွာကို ပိတ်ပြီးတော့ ဘယ်သူမှပေးမထွက်ဘဲ ဖမ်းတာ ဘယ်ဖမ်းသွားတယ်ဆိုတာတော့ မသိရသေးဘူး၊ ဘယ်သူမှလည်း ပြန်လွတ်မလာသေးဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။ ရွာသားတွေ ဖမ်းဆီးခံရတာဟာ ရွာခံတဦးက PDF နဲ့အဆက်သွယ်ရှိတယ်ဆိုပြီး စာရင်းပေးလိုက်တာကြောင့် နယ်မြေခံရဲတွေမပါဘဲ စစ်တပ်က […]

Most Read

2024-09-23 08:25:02