Breaking News >> News >> Democratic Voice of Burma


မာလီရှိ စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုအတွင်း ပြင်သစ်စစ်သား ၁ ဦး သေဆုံး


Link [2022-01-24 19:48:26]



မာလီနိုင်ငံ၊ ဂေါင်မြို့က စစ်တပ်အခြေစိုက်စခန်းတခုကို  မော်တာဗုံးသီးနဲ့ တိုက်ခိုက်မှုအတွင်း ပြင်သစ် စစ်သားတယောက် သေဆုံးတယ်လို့ ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခွန်းရဲ့ရုံးက ဇန်နဝါရီ ၂၃ ရက်မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ အသက် ၂၄ နှစ်အရွယ် သေဆုံးသူ အလက်ဇန်ဒရေမာတင်ဟာ ဂေါင်မြို့က ရှေ့တန်းစစ်ဆင်ရေး အခြေစိုက်စခန်းက စစ်သည်တယောက်ဖြစ်ပါတယ်။ စစ်သွေးကြွတွေရဲ့ မော်တာနဲ့ တိုက်ခိုက်မှုအတွင်း တခြား ပြင်သစ် စစ်သား ၉ ယောက်လည်း ဒဏ်ရာနည်းနည်းရခဲ့တယ်။ ဒါဟာ မာလီမှာ ဖြစ်တောင့်ဖြစ်ခဲတော့ မဟုတ်ဘူးလို့ ပြင်သစ် စစ်တပ် ပြောခွင့်ရက ပြောပါတယ်။ မာတင်ဟာ ဆာဟဲဒေသအတွင်း ၂၀၁၃ ကနေ ခုထိ စစ်ဆင်ရေးအတွင်း သေဆုံးတဲ့ ၅၃ ယောက်မြောက် စစ်သည်ပါ။ သူ့အတွက် ဂုဏ်ပြုပွဲကို မာလီနိုင်ငံမှာရော […]

Most Read

2024-09-23 08:23:02