Breaking News >> News >> Democratic Voice of Burma


အဘူဒါဘီရှိ စစ်ခြေစိုက်စခန်းကို ဟူသီအဖွဲ့ ဒုံးကျည်ဖြင့် ပစ်ခတ်


Link [2022-01-24 19:48:26]



ယီမင်နိုင်ငံက ဟူသီလှုပ်ရှားမှုအဖွဲ့ဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နိုင်ငံ မြို့တော် အဘူဒါဘီက အယ်လ်ဒါဖရာစစ်တပ် အခြေစိုက်စခန်းကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဟူသီ ပြောခွင့်ရ ယာယာဆာရီယာ ဇန်နဝါရီ ၂၄ ရက်မှာ ပြောပါတယ်။ ဟူသီတွေဟာ ဒရုန်းယာဉ်တွေကို သုံးပြီး အဓိက ဧရိယာတွေကိုပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့လည်း ဆာရီယာက ပြောပေမဲ့ ဘယ်နေရာတွေ ဆိုတာကိုတော့ အတိအကျ မပြောပါဘူး။  တနင်္လာနေ့ စစ်ဆင်ရေးဟာ ဆော်ဒီအာရေဗျ တောင်ပိုင်းက အထိမခံနိုင်တဲ့ နေရာတွေကိုလည်း ပစ်မှတ်ထားခဲ့တယ်လို့ ဟူသီစစ်တပ် ပြောခွင့်ရက ဆက်ပြောပါတယ်။ ယူအေအီးက သူ့ နိုင်ငံကို ပစ်မှတ်ထားတဲ့ ဟူသီတွေရဲ့ ပဲ့ထိန်းဒုံးကျည် ၂စင်းကို တနင်္လာနေ့မှာ ကြားဖြတ် ဖျက်ဆီးခဲ့တယ်။ အသေအပျောက် မရှိဘူးလို့ ယူအေအီး ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ […]

Most Read

2024-09-23 08:21:36