Breaking News >> News >> Democratic Voice of Burma


ဝိုင်းမော်မြို့နယ်တွင် ရွှေတူးဖော်မှုများကြောင့် သောက်သုံးရေ အခက်အခဲကြုံ


Link [2022-01-24 19:48:26]



ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲက နမ်ဆန်ယန်ကျေးရွာနဲ့ ပတ်ဝန်းကျင်တွေမှာ ရေတွင်းထဲက ရေတွေခန်းခြောက်ကုန်ပြီး ကုမ္ပဏီတွေက ရွှေတူးဖော်နေတာကြောင့်လည်း စမ်းချောင်းထဲကရေတွေညစ်ညမ်းပြီး ဒေသခံတွေ သောက်သုံးရေမရတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ရွာခံတွေကနေ သိရပါတယ်။ လက်ရှိအချိန်မှာ သောက်သုံးရေအတွက် RC ဘုရားကျောင်းဝင်းထဲက ရေကိုသာ အသုံးပြုနေရပြီး ရွှေလာတူးတဲ့ ကုမ္ပဏီတွေကတော့ စက်ရုံထုတ် ရေသန့်တွေကို အသုံးပြုကြတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ “အရင်ရွာပြန်တုန်းကတော့ ရေတွင်းတွေအများကြီး၊ ဆယ်တွင်းကျော်မယ်ထင်တယ်၊ အခုတော့ အကုန်ခန်းကုန်လို့ သုံး၊ လေး တွင်းပဲကျန်တာ တချို့ရေတွင်းတွေက အနယ်ပါတော့ ခပ်ခဲ့ပြီး အိမ်မှာ အနည်ထိုင်ပြီးသုံးရတာ၊ ကျမတို့က ပိုက်ဆံမရှိ‌တော့ ရေဝယ်မသောက်နိင်လို့ ‌ရေသန့်တဲ့ RC ဘုရားကျောင်းက ရေတွင်းကနေပဲ သောက်ရေ အတွက်သုံးနေတယ်၊ ဟိုရွှေလာလုပ်တဲ့သူတွေက ရေသန့်တွေ ဝယ်သောက်ကြတာပေါ့” အခုလိုရေခန်း‌ခြောက်လာတာဟာ စက်ယန္တရားကြီးတွေနဲ့ […]

Most Read

2024-09-23 08:33:37