Breaking News >> News >> Democratic Voice of Burma


ကော့ကရိတ်မြို့နယ် ကျေးရွာပေါင်း ၂၇ ရွာမှ ပြည်သူ နှစ်သောင်းကျော် စစ်ဘေးရှောင်နေရ


Link [2022-01-24 19:48:26]



ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ  နှစ်ပတ်တွင်း စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကြောင့်  ကျေးရွာ ၂၇ ရွာက လူပေါင်း နှစ်သောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံးက စည်းရုံးရေး နှင့် ပြန်ကြားရေးဌာန(ဒူပလာယာခရိုင်က) သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင်  စစ်ကောင်စီရဲ့ လေယာဉ်အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်မှုနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့်လည်း ကလေးငယ် ၄ ဦးအပါအဝင် အရပ်သား ၁၃ ဦး ဒဏ်ရာရရှိကာ ၁ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒဏ်ရာရသူတွေကတော့  နော်သဇင်ဦး၊ ဒေါ်အေးမြ၊ ဒေါ်မေပေ၊ ဦးငွေရီ၊ နော်မုဒါးချေ၊ နော်အေးမူ၊ မိုးဝသန်၊ မအနွေး၊ မောင်းမရွာသစ် ကျေးရွာနေ စောပန်းအောင်၊ ဦးကွေနု၊ ဦးအလီနဲ့ ကမိုင်ကုန်းရွာနေ တင်ထွန်းနိုင်တို့ဖြစ်ပြီး သေဆုံးသူမှာ အသက် ၁၇ နှစ်အရွယ် ရွှေ့ပြောင်းလုပ်သား ဖိုးပြည့်ဖြစ်တယ်လို့ […]

Most Read

2024-09-23 08:34:35