Breaking News >> News >> Democratic Voice of Burma


စက်သုံးဆီဈေးမြင့်လာသဖြင့် တက္ကစီယာဉ်မောင်းအချို့ ပိုင်ရှင်ထံ ယာဉ်ပြန်အပ်


Link [2022-01-24 19:48:26]



စက်သုံးဆီဈေးမြင့်တက်ပြီးတွက်ခြေမကိုက်တော့တဲ့အတွက် တက္ကစီယာဉ်မောင်းတချို့ အုံနာဆီ ကားပြန်အပ်ရတဲ့အထိ အခြေအနေဆိုးလာတယ်လို့ တက္ကစီယာဉ်မောင်းတွေက ပြောပါတယ်။  ဇန်နဝါရီ နောက်အဆုံးအပတ်မှာ ဓာတ်ဆီတစ်လီတာကို ၁၅၆၀ အထိ ဈေးပေါက်နေပြီး တစ်လအတွင်း တစ်လီတာကို ငွေကျပ် ၂၅၀လောက် ဈေးတက်ခဲ့တာပါ။ ဓာတ်ဆီဈေးတက်တာကြောင့် ရန်ကုန်မြို့က တက္ကစီယာဉ်မောင်းတွေဟာ တွက်ခြေမကိုက်တော့ဘဲ ဝင်ငွေ သိသိသာသာကျဆင်းပြီး တချို့ယာဉ်မောင်းတွေကတော့ အုံနာဆီ ကားပြန်အပ်နေကြ တယ်လို့ ဆိုပါတယ်။  ၂၀၂၁ နှစ်ကုန်ပိုင်းကစပြီး ဓာတ်ဆီဈေးဆက်တိုက်တက်နေတာကြောင့် နေစဉ်မောင်းလို့ရတဲ့ ပိုက်ဆံဟာ ဆီဖိုးနဲ့ ပြန်ကုန်နေတယ်လို့ ဆိုကြပါတယ်။  နိုင်ငံရေး၊ စီးပွားရေးအခြေအနေကြောင့် ကားငှားစီးတဲ့သူလည်း နည်းပါးလာတဲ့အတွက် တချို့ ရက်တွေမှာ အုံနာကြေးကို အိတ်စိုက်ပြီး ပေးနေရတယ်လို့ လှိုင်မြို့နယ်မှာနေထိုင်တဲ့ ယာဉ်မောင်းတစ်ယောက်ကပြောပါတယ်။ စစ်ကောင်စီက ဓာတ်ဆီဈေးကို မထိန်းနိုင်ဘဲ ဈေးဆက်တက်မယ်ဆိုရင် တက္ကစီတော်တော်တော်များများ ဆက်ပြီး နားရဖို့ပဲရှိတယ်လို့ […]

Most Read

2024-09-23 08:27:00