Breaking News >> News >> Democratic Voice of Burma


လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရပြီးနောက် ချင်းလူမျိုးထောင်ချီ အိန္ဒိယဘက် ထွက်ပြေး


Link [2022-01-24 19:48:26]



လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်ပေးဖို့ မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ချင်းတိုင်းရင်းသားတွေက ကုလသမဂ္ဂကို တိုက်တွန်းလိုက်ပါတယ်။ အခုလအတွင်း လူ ၁၀ ယောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရပြီးနောက်မှာ ထောင်နဲ့ချီတဲ့ ချင်းလူမျိုးတွေဟာ သူတို့ရဲ့ ဇာတိမြေကနေ အိန္ဒိယနိုင်ငံကို ထွက်ပြေးလာကြခဲ့ကြရတာပါ။ ချင်းပြည်နယ်မှာ လူပေါင်းထောင်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီးနောက် အိန္ဒိယအရှေ့မြောက်နယ်စပ်ကိုဖြတ်ကာ မီဇိုရမ်ပြည်နယ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြတာလို့ NGO များ ညွန့်ပေါင်းအဖွဲ့က ပြောပါတယ်။ ချင်းလူမျိုး ၁၀၀၀ ကျော်ဟာ သူတို့ရဲ့ရွာတွေကို စွန့်ခွာပြီး မီဇိုရမ်ပြည်နယ် လန်လိုင်ခရိုင်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း၊ တခြားသူတွေကတော့ ပြောင်းရွှေ့နေဆဲဖြစ်ပြီးတော့ လာမယ့်သီတင်းပတ်တွေအတွင်းမှာ ထပ်ရောက်လာမယ့်သူတွေ ပိုများလာမယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။ “သူတို့ အိန္ဒိယနိုင်ငံ ရောက်တာနဲ့ ဘေးကင်းကင်း ရောက်ရှိလာဖို့အပြင် အခြေခံအရင်းအမြစ်တွေ လိုအပ်နေတဲ့သူတွေ အများကြီးရှိပါသေးတယ်။ လူတွေက သူတို့ဝတ်ထားတဲ့အဝတ်အစားကလွဲလို့ […]

Most Read

2024-09-23 08:33:49