Breaking News >> News >> Democratic Voice of Burma


ဂျူဗင်တပ်စ်အသင်းမှ ရမ်ဆေး ထွက်ခွာမည်ဟု နည်းပြအယ်လီဂရီ အတည်ပြု


Link [2022-01-23 09:52:38]



ကွင်းလယ်ကစားသမား  အာရွန်ရမ်ဆေးဟာ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်တယ်လို့ နည်းပြ အယ်လီဂရီကအတည်ပြု ပြောကြားလိုက်ပါတယ်။ အေစီမီလန်နဲ့ ကစားမယ့်ပွဲအကြို သတင်းစာရှင်းလင်းပွဲမှာ ရမ်းဆေးဟာ အသင်းနဲ့ မပူးပေါင်းတော့ဘဲ အသင်းကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ အယ်လီဂရီက သတင်းထောက်တွေကို အတည်ပြုခဲ့တာပါ။ အသက် ၃၁ နှစ်ရှိ ဝေးလ်လက်ရွေးစင် ရမ်ဆေးဟာ အီတလီမှာ ၂ နှစ်ခွဲကျော် ကစားခဲ့ပေမယ့် ပုံမှန်ပွဲထွက်ခွင့် နည်းပါးခဲ့ပါတယ်။ နည်းပြအယ်လီဂရီ လက်အောက်မှာ စီးရီးအေအဖွင့်ပွဲစဉ်မှာ ပွဲထွက်ကစားခွင့်ရခဲ့ပြီးနောက်ပိုင်းမှာ ၂ ပွဲသာ လူစားဝင်ကစားခဲ့ရပါတယ်။  ဂျူဗင်တပ်စ်အသင်းဟာ အီတလီလက်ရွေးစင် လိုကာတယ်လီကို ဆက်ဆူအိုလိုကနေ ခေါ် ယူခဲ့ပြီး နောက် ရမ်ဆေးကို အသုံးမပြုတော့တာပါ။  ၂၀၁၉ ခုနှစ်က အာဆင်နယ်ကနေ ပြောင်းရွှေ့လာတဲ့ ရမ်ဆေးဟာ ဂျူဗင်တပ်စ်အသင်းမှာ စီးရီးအေပွဲ ၇၀ ကစားခဲ့ပြီး […]

Most Read

2024-09-23 08:23:41