Breaking News >> News >> Democratic Voice of Burma


ဟိန်ဇိန်ကျေးရွာအနီးတွင် မိုင်းမတော်တဆမှုကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံး


Link [2022-01-23 09:52:38]



ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဟိန်ဇိန်ကျေးရွာအနီးမှာ မိုင်းမတော်တဆမှုကြောင့် ဒေသခံ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၂၂ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ PDF-Zoland က အသက် ၂၁ နှစ်အရွယ် ကိုမုန်နိုးနဲ့ CAN တပ်က ဆလိုင်း ကျုံးလျန်ဆန်တို့ ကျဆုံးခဲ့ကြတာဖြစ်ပြီး ရဲဘော်နှစ်ဦးလည်း ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ ဟိန်ဇိန်ကျေးရွာမှာ ဇန်နဝါရီ ၂၂ ရက်နေ့ မနက်က စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ ဗုံးလာကြဲချပြီး ကျေးရွာအတွင်း ဝင်ရောက်လာကြတာကြောင့် ဒေသခံ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲခဲ့ကြရာမှာ မတော်တဆပေါက်ကွဲပြီး ကျဆုံးခဲ့တာလို့ ဆိုပါတယ်။ ချင်းပြည်နယ် တီးတိန်မြို့မှာ ဇန်နဝါရီ ၂၁ ရက်နေ့က စစ်ရဟတ်ယာဉ် ၅ စီးနဲ့ […]

Most Read

2024-09-23 08:27:02