Breaking News >> News >> Democratic Voice of Burma


ဝက်စ်ဟမ်းကိုအနိုင်ရပေမဲ့ ဘောလုံးပိုင်ဆိုင်မှုကောင်းမွန်ရန်လိုအပ်နေဟု မန်ယူနည်းပြ သုံးသပ်


Link [2022-01-23 09:52:38]



မန်ယူနိုက်တက်အသင်းအနေနဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမဲ့ ဘောလုံးပိုင်ဆိုင်မှုမှာ ပိုမိုတိုးတက်လာဖို့ လုပ်ဆောင်သွားရမယ်လို့ နည်းပြ ရင်းနစ်ခ်ကပြောပါတယ်။ ခံစစ်ပိုင်းက အကောင်းဆုံးပုံစံရရှိ နေပြီး ကြံ့ခိုင်မှုပိုင်းမှာလည်း ကောင်းမွန်လာပေမယ့် ဘောလုံးလက်ခံရယူတဲ့အပိုင်းမှာတော့ တိုးတက် လာဖို့လိုသေးတယ်လို့ နည်းပြရင်းနစ်ခ်က ပြောပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းခွင့်တွေနဲ့ ကန်သွင်းချက်တွေကိုကြည့်မယ်ဆိုရင် ယူနိုက်တက်က အနိုင်ရလဒ်နဲ့ထိုက်တန်တယ်ဆိုတာ ရှင်းလင်းကြောင်း၊ ဝက်စ်ဟမ်းလို စည်းလုံးညီညွတ်မှုရှိတဲ့အသင်းနဲ့ ရင်ဆိုင်ရချိန်မှာ စိတ်ရှည်ရမယ် ဆိုတာ ပွဲမတိုင်ခင်ကတည်း သိရှိကြောင်းလည်း နည်းပြ ရင်းနစ်ခ်ကပြောပါတယ်။  တိုက်စစ်ပိုင်းကတော့ ပွဲတိုင်းမှာ အကောင်းဆုံးပုံစံရရှိဖို့ မလွယ်ကူသေးကြောင်း နည်းပြရင်းနစ်ခ်က ဆိုပါတယ်။ ယူနိုက်တက်ဟာ ဝက်စ်ဟမ်းကို နာကျင်အချိန်ပိုမှာ ရက်ဖို့ဒ်သွင်းယူတဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ယူခဲ့တာကြောင့် ပွဲစဉ် ၂၂ အပြီးမှာ စပါးနဲ့ အာဆင်နယ်တို့ထက် ပွဲပိုကစားပြီး အဆင့် […]

Most Read

2024-09-23 08:23:59