Breaking News >> News >> Democratic Voice of Burma


ကနီမြို့နယ်၊ မုဌေါကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့


Link [2022-01-23 09:52:38]



စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မုဌေါ အရှေ့ကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၂ ရက် ညနေ ၃ နာရီလောက်က ဝင်ရောက်မီးရှို့သွားတယ်လို့  ဒေသခံရွာသားတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ မနက်ခင်းပိုင်းက မုံရွာမြို့နယ်၊ အလုံ-မင်းဒေါင့်ဆိပ်ကမ်းကနေတဆင့် ချင်းတွင်းမြစ်အတိုင်းဆန်တက်လာပြီးနောက် ကနီမြို့နယ် မြစ်ကမ်းဘေးရှိ  ကျေးရွာတွေကို ဝင်ရောက်မီးရှို့ခဲ့တာဖြစ်ပါတယ်။ မုဌောရွာသားတယောက်က “ကျနော်တို့ မုဌေါ အရှေ့ရွာက တံဌါကုန်းလို့ခေါ်တဲ့ ချင်းတွင်းမြစ်ကမ်းဘေးက လူနေအိမ်တွေကို မီးရှို့နေတာဗျ။ ဘယ်နှအိမ်အရှို့ခံတယ်လို့တော့ မပြောနိုင်သေးဘူး။ သူတို့ ချင်းတွင်းမြစ်အတွင်းကနေ ဆန်တက်လာတဲ့အချိန်ကစပြီး ကျနော်တို့ ရွာအနီးရောက်တာနဲ့ ကျေးရွာသားတွေ အကုန်ထွက်ပြေးကြရတယ်။ ဒီကောင်တွေ ချင်းတွင်းမြစ်အတွင်းကနေ ဆန်တက်လာတာပဲဖြစ်ဖြစ်၊ ဆုန်ဆင်းလာတာပဲဖြစ်ဖြစ် ကျနော်တို့ မုဌေါအရှေ့ရွာကို လက်နက်နဲ့  ပစ်နေကျဆိုတော့ အခုလိုထွက်ပြေးရတယ်” လို့ ပြောပါတယ်။ မုဌေါရွာကို စစ်ကောင်စီက မီးရှို့လို့ ပျက်စီးဆုံးရှုံးမှု […]

Most Read

2024-09-23 08:19:37