Breaking News >> News >> Democratic Voice of Burma


စကော့တလန်တွင် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် နုတ်ထွက်ရေး ဆန္ဒပြ


Link [2022-01-23 09:52:38]



စကော့တလန်နိုင်ငံ ဂလက်စဂိုမြို့မှာ ဇန်နဝါရီ ၂၂ ရက်က ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးအတွက် ဆန္ဒပြချီတက်ခဲ့ပြီး၊ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် နုတ်ထွက်ရေးကိုပါ တောင်းဆိုခဲ့ပါတယ်။ စကော့တလန်ရဲ့လွတ်လပ်ရေး  တောင်းဆိုသူတွေက “ဂျွန်ဆင် ဂျွန်ဆင် အလိုမရှိ၊ တိုရီပါတီ ကျဆုံးပါစေ၊ စကော့လွတ်လပ်ရေး ချက်ချင်းပေး” စတဲ့ စာတန်းတွေနဲ့အတူ စကော့တလန် အလံတွေ ကိုင်ဆောင်ပြီး ချီတက်ခဲ့ပါတယ်။ ဆန္ဒပြပွဲကို စကော့တလန် အရေးပေါ်လူထုချီတက်ပွဲလို့ ခေါင်းစဉ်တပ်ထားပြီး၊ ဖေ့စ်ဘွတ်စာမျက်နှာမှာ “ကိုဗစ်လူသတ်သမား ဘောရစ်ဂျွန်ဆင် နုတ်ထွက်ပါ၊ တိုရီပါတီ အဂတိလိုက်စားမှုတွေ ရပ်ပါ၊ အပုပ်နံ့လှိုင်နေတဲ့ အစိုးရ ဖျက်သိမ်းပါ” လို့ တောင်းဆိုထားပါတယ်။  ဆန္ဒပြပွဲမှာ စကော့လေမှုတ်တူရိယာအဖွဲ့၊ ရဲတပ်ဖွဲ့၊ ယာဉ်တန်းတွေလည်း လိုက်ပါခဲ့ပါတယ်။

Most Read

2024-09-23 08:33:19