Breaking News >> News >> Democratic Voice of Burma


ဒီးမော့ဆိုမြို့နယ်တွင်တိုက်ပွဲပြင်းထန် နှစ်ဖက် ထိခိုက်သေဆုံး


Link [2022-01-22 18:51:06]



ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါမိုးစီ ၊ ၅ မိုင်နဲ့ ၆ မိုင်တို့မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ဇန်နဝါရီ ၂၁ ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်စလုံးမှာ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေ ရှိနေပါတယ်။ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFတို့ပူးပေါင်းပါဝင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့   မနေ့က တနေကုန်ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ခဲ့တာလို့  KNDF ကနေသိရပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အထိနာခဲ့တာကြောင့် ညပိုင်း ၅ နာရီခွဲလောက်မှာ တိုက်လေယာဉ် ၂ စီးနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး ည ၉ နာရီမှာလည်း နောက်တကြိမ် ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အဲဒီတိုက်ပွဲဖြစ်မှာ စစ်ကောင်စီဘက်က  အများအပြားထိခိုက်ကျဆုံးပြီး ကရင်နီနဲ့ ပူးပေါင်းမဟာမိတ်တပ်ဘက်က ရဲဘော် ၃ ယောက် […]

Most Read

2024-09-23 08:21:49