Breaking News >> News >> Democratic Voice of Burma


ယင်းမာပင်၊ ဘန့်​ဘွေးရွာမ​ကျေးရွာ၌ တပ်စွဲထားသည့် စစ်​ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာ


Link [2022-01-22 18:51:06]



စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်​ဘွေးရွာမ​ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်​ကောင်စီတပ်ဟာ ပြည်သူပိုင်ပစ္စည်းတွေကို ယူဆောင်၊ ဖျက်ဆီးသွားသလို အိမ်​မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်ပြီး ဇန်နဝါရီ ၂၂ ရက် မနက် ၆ နာရီလောက်က  ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒါ့အပြင် ​ကျေးရွာတွင်း​နဲ့ ရွာဝင်ရွာထွက် လမ်း​ပေါက်​နေရာတွေမှာလည်း ပြည်သူတွေရဲ့ ပစ္စည်းတွေကို ယူ​ဆောင်ကာ အကာအကွယ်ပြုလုပ် နေထိုင်သွားခဲ့ကြတယ်လို့လည်း ဆိုပါတယ်။  စစ်​ကောင်စီတပ်ဖွဲ့တွေဟာ ဆုတ်ခွာစဥ်လမ်းတလျှောက်မှာ  ​ဒေသခံ PDF အဖွဲ့​တွေရဲ့ မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်​ကောင်စီတပ်သားတွေက ​သေနတ်နဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံ​တွေက​ပြောပါတယ်။ စစ်​​ကောင်စီတပ်ဟာ  ဘန့်​ဘွေးရွာမ​ကျေးရွာကို အကြိမ်​ရေများစွာ ဝင်​ရောက်တပ်စွဲခဲ့တာရှိခဲ့ပြီး ဇန်နဝါရီ ၁၃ ရက်​နေ့က ထပ်မံဝင်​ရောက်တပ်စွဲ​နေခဲ့တာဖြစ်ပါတယ်။ တပ်စွဲ​နေထိုင်စဥ်မှာ ​ဒေသခံ PDF ပူး​ပေါင်းအဖွဲ့တွေရဲ့ ပစ်ခတ်တိုက်ခိုက်တာလည်း  ခံခဲ့ရပါတယ်။

Most Read

2024-09-23 08:31:37